သာစည်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သာစည်   စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံလာစေရေးရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြက်မောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်နန္ဒာကြိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းက လူငယ်များ ဗလငါးတန်နှင့်ပြည်စုံသည် လူငယ်၊ လူရွယ်များ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပေးနေခြင်းဖြစ်ပါကြောင်း၊ ဗလငါးတန်ဖွံဖြိုးတိုးတက်ရေးဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ ဖြစ်ပါကြောင်း၊ လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့်  ပညာရေးရည်မှန်းချက် ထားရှိကြရန်နှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားသင်ယူသွားကြရန်၊ လူငယ်များစာရိတ္တကောင်း၊ စိတ်ဓာတ်ကောင်းများထားရှိကြရန်၊ လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သောမျိုးချစ်စိတ်များ ပေါ်ထွန်းလာ စေရေးနှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ မြို့နယ်တွင်းလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့်သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)