နမ့်စန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပဆောင်ရွက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ နယ်မြေထူးခြားဖြစ်စဉ်သတင်းများ အချိန်မီပေးပို့ရေး၊ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များ၊ မြို့နယ်တွင်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်မည့်အခြေအနေ၊ မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဌာနဆိုင်ရာရုံးများ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသော နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ရွေးကောက်ပွဲဆိုင်ရာနှင့် မဲစာရင်းကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၊ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် မြေပိုင်ဆိုင်မှုကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြားကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)