လဲချားမြို့တွင် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လဲချား စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် သတိပြုဆင်ခြင်ဖွယ် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.လ.က(၁)တွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လဲချားမြို့နယ် ကြက်ခြေနီအဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည် မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် လမ်းများ၌သာ သွားလာကြရန်၊ အမှတ်အသားပြထားသောနေရာများ ရှောင်ကြဥ်ကြရန်၊ လမ်းတွင် မည်သည့်ပါဆယ်ဖြစ်စေ၊ ပလတ်စတစ်အိတ်အမဲနှင့် ထုပ်ပိုးထားသည့် ပစ္စည်းများဖြစ်စေ ကောက်ယူခြင်းခြင်းမပြုကြရန်၊ မသင်္ကာဖွယ်လမ်းများအားရှောင်ကြဥ်ကြရန် စသည်ဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးများဟောပြောခြင်း၊ ရုပ်ပုံကာတွန်းများပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)