မိုင်းတုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က လူငယ်များ စာတတ်မြောက်ရေး ဝိုင်းဝန်းကူညီပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာသန်းဝင်းက "လူငယ်နှင့် အားကစားအခွင့်အလမ်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က "ထူးချွန်ထက်မြက်သော ကျောင်းသားကောင်းများပေါ်ထွန်းလာစေလို"ခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင် (မိုင်းတုံ၊ပြန်/ဆက်)