မိတ္ထီလာ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ လျှပ်စစ်သုံးစွဲသူပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းကို စက်တင်ဘာ ၁၈ ရက်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးရှင်း မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သော ဝန်ထမ်းများက မိတ္ထီလာမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြား၍ လျှပ်စစ်အန္တရာယ် သတိပေးလက်ကမ်းစာစောင်များအား ဝန်ထမ်းများက ဒေသခံပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)