ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ပေကုန်း)၌ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာမူလတန်းကျောင်း(ပေကုန်း)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ် အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက် နံနက်(၉)နာရီက ကျင်းပသည်။

ယခုကဲ့သို့ ပြိုင်ပွဲကျင်းပပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကျောင်းတွင်းပြိုင်ပွဲသာမက မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အလေ့အကျင့်ရရှိ  စေရေး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)