ရမည်းသင်းမြို့ အ-မ-က(တပ်တွင်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲ

ရမည်းသင်း စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အ-မ-က(တပ်တွင်း)ကျောင်း၌ ယနေ့ နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန္တာလင်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ဟောပြောပြီး ယဉ်ကျေးမှုအရေးကြီးပုံ၊ ကျောင်းသား လူငယ်များအနေဖြင့်ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်ယဉ်ကျေးဖို့လိုကြောင်း၊ ငယ်စဉ်ကစ လိမ္မာယဉ်ကျေးသောကလေး များဖြစ်လာစေရေး အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအားခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ​လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)