မိုင်းတုံ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မိုင်းတုံမြို့နယ်အတွင်းရှိ ဝက်ကျန်းမာရေး၊ ဝက်ခြံများအား ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အောင်ဖြိုးဝေက မွေးမြူရေးခြံများ၌ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများကူးစက်မှုမဖြစ်ပေါ်စေရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းဖြစ်ကြောင်း၊ တောင်သူများတွင် မွေးမြူထားသောနွားများကိုလည်း ပေါင်ပုတ်၊ လက်ပုတ်၊ ဒေါင့်သန်းရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း၊ နိုးစားနွားမွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများ၊ ကြက်မွေးမြူရေးခြံများ၊ ဆိတ်မွေးမြူရေးခြံများသို့လည်း လစဉ်သွားရောက်၍ မွေးမြူရေးခြံပိုင်ရှင်များအား ကျွဲ၊ နွား၊ ဝက်၊ ကြက်များတွင်ဖြစ်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ပိုးသတ်ဆေးအသုံးပြုပုံ၊ အသုံးပြုနည်းများကိုလည်း အသိပညာပေးလျက်ရှိသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)