ရန်ကုန် စက်တင်ဘာ ၁၈
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ သိမ်ဖြူတင်းနစ် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရိတ်သတ်များနှင့်တာဝန်ရှိသူများကဗိုလ်ပွဲစဉ်အဖြစ် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအားကျင်းပရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယ ဆုရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့် ကာယ ပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရတို့က အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယ ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ပဲခူးတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ အမျိုသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်း၊အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို ပဲခူးတိုင်းဒေသကြီးအသင်းမှ အေးအေးနွယ်၊ အမျိုးသား အကောင်းဆုံး အားကစားသမားဆုကို ပဲခူးတိုင်းဒေသကြီးအသင်းမှ ဒါဝူးတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး လှုမှုရေးရာ ဝန်ကြီးတို့က အသီးသီး ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလား ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)