ကျောက်ဆည် မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ၃နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခင်မာင်ဝင်းက ထောက်ပံ့‌ငွေများ ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူ အိမ်ထောင်စု ၄၃၇စုမှ လူဦးရေ ၁၆၆၉ ဦးအတွက် တစ်ဦးလျှင် တစ်လ ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် စုစုပေါင်းငွေကျပ် ၁၀၀၁၄၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများမှတစ်ဆင့် ပြည်သူများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)