ကျောက်ပန်းတောင်းမြို့နယ် သီရိမင်္ဂလာရပ်ကွက်၌  မြန်မာအီလက်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ်သရုပ်ပြ 

ကျောက်ပန်းတောင်း စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းများကို၊ စက်တင်ဘာ၁၇ရက် ညနေ၃နာရီက သီရိမင်္ဂလာရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်သည်။

အဆိုပါက အသိပညာပေးနှင့်သရုပ်ပြပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့်  ရပ်မိရပ်ဖများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မေးမြန်းမှုများကို၊ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး မဲဆန္ဒရှင်ပြည်သူများကမဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ဆောင်ရွက်ကြသည်။ ယင်းနောက်  မြို့နယ်ရွေးကောက်ပွဲအရာရှိ က ဆန္ဒမဲလက်မှတ်များစိစစ်၍  မဲရလဒ်ထုတ်ပြန်ခြင်းများကို ရှင်းလင်းပြသသည်။ အဆိုပါ အသိပညာပေးနှင့် စမ်းသပ်မဲပေးပွဲသို့ ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးနိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သီရိမင်္ဂလာရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)