မန္တလေး စက်တင်ဘာ ၁၈
မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများအား ဂရုဏာကြေး ဒုတိအသုတ်ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ ရက်မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၄၅)၊ ၁၉ လမ်း၊ ၅၉ လမ်းထောင့်ရှိ မုန်တိုင်ဓမ္မာရုံ၌ ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်း၊ ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးဝင့်၊ NTL ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်၊ Sky Villa Condo minium & Condo တာဝန်ခံမန်နေဂျာ ဦးလင်းလင်းထွန်းနှင့် တာဝန်ရှိသူများ၊ အသက်ဆုံးပါးသွားသူများ၏ မိသားစုဝင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်းက အမှာစကားပြောကြားပြီး ဒေါ်သက်သက်ခိုင်က Sky Villa ပြိုကျမှုနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာခဲ့မှုများအပေါ် တောင်းပန်ဝမ်းနည်းကြောင်းပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်း၊ ဒေါ်သက်သက်ခိုင်နှင့် တာဝန်ရှိသူများက Sky Villa ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရပြီး၊ သေဆုံးမှုမှန်ကန်ကြောင်း အထောက်အထားအပြည့်အစုံ စိစစ်ပြီးဖြစ်သူ ဒုတိယသုတ်အဖြစ် (၇၁)ဦး၏ မိသားစုများအား ကရုဏာကြေး သိန်း ၁၀၀ ကျပ်စီ၊ စုစုပေါင်းသိန်း ၇၁၀၀ ကျပ် ပေးအပ်ကြသည်။ အဆိုပါဂရုဏာကြေးအား စက်တင်ဘာ ၈ ရက်တွင် ပထမအသုတ်အဖြစ် (၇၂) ဦး၊ စက်တင်ဘာ ၁၅ ရက်တွင် ဒုတိယသုတ်အဖြစ် (၇၁) ဦး၊ စုစုပေါင်း (၁၄၃) ဦး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်/စံ)