အမရပူရ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု ဂျိုရွာကျေးရွာ၊ ပေါက်အင်းကွင်း အဆင့်မြင့်လယ်ယာ ဧက ၁၅၀ ရှင်းလင်းဆောင်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သဘာဝမြေဩဇာနှင့်ဓာတ်မြေသြဇာ ရောစပ်ကြဲပက်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သူများအား ဆည်ရေရရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးလှိုင်က မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော တောင်သူများက လိုအပ်ချက်များအားတင်ပြခဲ့ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး တောင်သူဦးကြိုးကြာ၏ လယ်မြေတစ်ဧကခွဲရှိ ဧရာမင်းစပါးခင်းအတွင်း သဘာဝမြေသြဇာနှင့်ပုလဲဓာတ်မြေသြဇာရောစပ် ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
စိုးသီဟ(အမရ)