မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းသင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးနဲ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတွင်းသင်္ချာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ပန်းချီပြခန်းနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းစုံညီပွဲတွင်ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)