ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ နက်ပိုင်းက သုံးခွမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သုံးခွမြို့နယ်၊ သုံးခွ-ခရမ်း ကားလမ်းဘေး ပုဂံတောင်ကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အထွေထွေရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကားလမ်းတူးမြောင်း (၀.၈) မိုင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သုံးခွ- ခရမ်း ကားလမ်းဘေး တူးမြောင်းအား ရေပိုမိုသိုလှောင်ပြီး စိုက်ပျိုးရေအသုံးချနိုင်ရေးအတွက် ထပ်မံတူးဖော်ဆောင်ရွက်ပေးရန်၊ ထွက်ရှိလာသော မြေသားများအား တာလမ်းဘေး လမ်းပုခုံးတိုးချဲ့ဆောင်ရွက်ရန်နှင့် တူးမြောင်းအား ရေပိုမိုသိုလှောင်နိုင်ရေးအတွက် ကျောက်ခြင်းများ ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သုံးခွမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာအုပ်စု၊ သုံးခွမြို့ရှောင်လမ်း၏ မိုင်တိုင် (၃/၁-၃/၂) ကြားရှိ နံယောချောင်းတံတား (၂၅၂)ပေ တည်ဆောက်မှု အခြေအနေများအားလည်းကောင်း၊ သုံးခွမြို့နယ်၊ သုံးခွအနောက်ကျေးရွာ အုပ်စုရှိ သုံးခွမြို့ရှောင်လမ်း၏ မိုင်တိုင်(၂/၂-၂/၃)ကြားရှိ အရှည်ပေ(၂၂၀)ပေရှိ ပဒဒိုင်း-နံယော တံတားတည်ဆောက်မှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်များမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သုံးခွမြို့နယ်၊ သုံးခွမြို့ရှောင်လမ်းဆောက်လုပ်ရေးလုပ်ငန်း ရှင်းလင်းဆောင်၌ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၁)၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တည်ဆောက်ရေး(၄)၊ လမ်းအထူးအဖွဲ့(၁၄)၏ သုံးခွမြို့ရှောင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သန့်ရှင်းသပ်ရပ်ကောင်းမွန်စွာ ဆောင်ရွက်ရန်နှင့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ စောလျင်စွာပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် FIRE DRAGON FUTSAL OPEN CUP ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးပြီး အခမ်းအနားတွင် FIRE DRAGON CEO ဦးကျော်ဝင်းထွန်းနှင့် မြန်မာနိုင်ငံဖူဆယ်လိဒ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဖူဆယ်လိဒ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနှင့် National Event and Activation Manger FIRE DRAGON ဦးမျိုးမင်းလတ်တို့က အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် FD TEAM FC နှင့် ACTOR FC တို့ ချစ်ကြည်ရေး ကစားပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)