ရမည်းသင်းမြို့နယ်၌  တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ရမည်းသင်း စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကချီးမြှင့်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ရက် နံနက်၁၀နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိန်မြင့် က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ် ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက (၄)ဘာသာဂုဏ်ထူးရရှိသူများနှင့် (၃)ဘာသာဂုဏ်ထူးရရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိမ်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက (၂)ဘာသာဂုဏ်ထူးရရှိသူများနှင့် (၁)ဘာသာဂုဏ်ထူး ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ရမည်းသင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင် သူများအနက် (၄) ဘာသာဂုဏ်ထူးရရှိသူ(၁၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ ၇၀၊ (၂)ဘာသာဂုဏ်ထူးရရှိသူ ၁၄၀၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူ ၁၆၇ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ ၃၉၁ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်ဆက်)