ဗဟန်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ဗဟန်း) လူထုအခြေပြုဗဟို ဌာနရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် မီဒီယာ သမားများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် သတင်းမီဒီယာသင်တန်းကို ကျင်းပခဲ့ကြောင်း သိရှိရ သည်။
ဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) မှ ဆရာမြေလတ်ထက်ကျော်မိုးက မုဒိတာ စကားပြောကြားခဲ့သည်။ ထို့နောက် အမိမြေသစ္စာသတင်းစုံဂျာနယ်မှ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးနိုင်ကျော်ဇော၊ အယ်ဒီတာချုပ် ဆရာဦးသူရဇော်၊ ဒုတိယသတင်းထောက်ချုပ် ဦးစောသန်းထိုက် ဝင်း တို့က အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရှိသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာမ မို့ (သဲကုန်း) က “အစွမ်းအစ” သုတဆောင်းပါး စာမူအား ဖတ် ကြားတင်ပြကာ တက်ရောက်လာကြသူများက ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး စာမူရှင် စာရေး ဆရာမ မို့ (သဲကုန်း) အား အမိမြေသစ္စာသတင်းစုံဂျာနယ်မှ ဒုတိယအမှုဆောင် အရာရှိချုပ် ဦးနိုင် ကျော်ဇော က စာဖတ်ဝိုင်းဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် သတင်းမီဒီယာသင်တန်းကို ဆက်လက်ကျင်းပခဲ့ရာ အမိမြေသစ္စာသတင်းစုံဂျာ နယ် မှ အယ်ဒီတာချုပ် ဆရာဦးသူရဇော်က စာပေချစ်မြတ်နိုးသူများ၊ သတင်းမီဒီယာသမားများအား ပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ပြန်/ဆက်)