မင်္ဂလာဒုံ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပင်စင်လစာထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် မကျန်းမာသည့် သက်ကြီးဘိုးဘွားများအား UID ကတ် (Smart Cards)များကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအတွက် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီး UID ကတ်(Smart Cards)များ ဆောင်ရွက်ပေးခဲ့ရာတွင် နိုင်ငံတော်အတွက် ခြေထောက်နှစ်ချောင်းစလုံး စွန့်လွှတ်ပေးခဲ့သူ ပင်စင်စား အဘိုးတစ်ဦးအား မွေးရက်နှင့် အမည်မှားယွင်းနေမူအား လိုအပ်သည်များကို ချိတ်ဆက်ဆောင်ရွက်ခဲ့ကာ နေချင်းပြီး UID ကတ် လက်ဝယ်အရောက်ထုတ်ပေးခဲ့သည်။ ဆက်လက်၍ နိုင်ငံဝန်ထမ်း (အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက်လည်း UID ကတ်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
အလားတူ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များနှင့် မကျန်းမာသည့် သက်ကြီးဘိုးဘွားများအတွက် UID ကတ်(Smart Cards)များကို နေ့ချင်းပြီး ထုတ်ပေးနိုင်ရေးအိမ်အရောက် (Home Service) ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းသိန်းထွန်း