မိုင်းရယ် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့၌ အခြေခံပညာကျောင်းမူလတန်းလွန်ကျောင်း(နောင်မို)တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်အား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းမူလတန်းလွန်ကျောင်း(နောင်မို)တွင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကျေးရွာနေကလေးငယ်များအား စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်ငှားရမ်းပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)