မိုင်းရှူး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းပြောကြားပြီး သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)