မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၆

မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မြို့ပေါ်ရပ်ကွက်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ဇီးလွန်)ရှိ တော်ဝင်သစ္စာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းလင်းထူးက မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များနှင့် အီလက်ထရောနစ်မဲပေးစက်၏ အားသာချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြစ်ကြီးနားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ကျွန်းပင်သာ၊ အေးစေတီ၊ ရွှေညောင်ပင်၊ လယ်ကုန်း၊ အောင်နန်းရပ်ကွက်တို့မှ မဲဆန္ဒရှင်ပြည်သူ (၁၅၀) ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အလားတူ မြစ်ကြီနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင်လည်း ယနေ့နံနက်ပိုင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ခရိုင်(ပြန်/ဆက်)