ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက်နေ့က မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနတွင် ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ်အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်များအကြောင်းနှင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အခွန်ထမ်းများနှင့် လုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)