ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဓာတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဒလ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးဓာတ်မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဖြန့်ဖြူးသော နိုင်ငံ့စီးပွားပြင်ပတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က ရဲချောင်းဝကျေးရွာအုပ်စု၊ ဒလ-ဓနုတ်ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးသွင်းအားစု ထည့်သွင်းခြင်းနှင့် အောင်နိုင်တိုးစပါးမျိုးသစ်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်မှ လယ်ယာမြေဥပဒေနည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖြန့်ဖြူးသော ဓာတ်မြေဩဇာများအား တောင်သူများသို့ ပေးအပ်ခဲ့ပြီး အောင်နိုင်တိုးစပါးမျိုးသစ်စံပြကွက်စိုက်ပျိုးထားသော တောင်သူဦးဝင်းမြင့်၊ ကွင်းအမှတ်(၁၉၆-ခ)၊ ဦးပိုင်အမှတ်(၁/၂)၊ စိုက်ဧက(၅)ဧက စံပြစိုက်ခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးသန့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများ၊ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)