သုံးခွ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ် (၂၉) တပင်ရွှေထီးလမ်း(၂)ရပ်ကွက်ရှိ မိုးကောင်းအီလက်ထရောနစ်ပစ္စည်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ ခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်က online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဥ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာတွင် ရောင်းချနေခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဥ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ ၊online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သက်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အပတ်စဥ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)