သုံးခွ စက်တင်ဘ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့သည် ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော သုံးခွ-ခရမ်းကားလမ်းဘေးရှိ ကားလမ်းတူးမြောင်း(၀.၈)မိုင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဆည်းမြောင်းဦးစီးဌာနမှူး ဦးကျော်နိုင်ဦးမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သုံးခွမြို့နယ် ပဒတ္ထိုင်းကျေးရွာအုပ်စု၊ သုံးခွမြို့ရှောင်လမ်း၏ မိုင်တိုင် (၃/၁-၄/၂) ကြားရှိ(၂၅၂)ပေ၊ ၃ လက်မရှိသော တံတားတည်ဆောက်မှုအခြေများအားလည်ကောင်း၊ အနောက်ကျေးရွာအုပ်စုရှိ သုံးခွမြို့ရှောင်လမ်း၏ မိုင်တိုင် (၂/၂-၂/၃) (၂၂၀)ပေရှိ တံတားတည်ဆောက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သုံးခွမြို့နယ် မြို့ရှောင်လမ်းရှင်းလင်းဆောင်း၌ လမ်းဦဲးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၁)၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တည်ဆောက်ရေး(၄)၊ လမ်းအထူးအဖွဲ့(၁၄)၏ သုံးခွမြို့ရှောင်လမ်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)