မြင်းခြံမြို့၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ပြုလုပ်

မြင်းခြံ စက်တင်ဘာ ၁၇

မန္တလေးတိုင်း‌ဒေသကြီး မြင်းခြံမြို့၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးထွန်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ကြည်က သင်တန်းနှင့်ပတ်သက်၍ အတွေ့အကြုံများနှင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကာလအတွင်း တစ်ဦးချင်းဆုရရှိသူများ၊ အသင်းအဖွဲ့အလိုက် ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို (၅) ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၁၀၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။            

ကျော်စွာ(မြင်းခြံ)