မိုးနဲ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ခင်များစတင် စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာရှိ တောင်သူ ဦးအားဆာ၏ ယာမြေတွင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ၊ တောင်သူ ဦးအားဆာနှင့် အဖွဲ့ဝင်များက အဆိုပါယာမြေ နှစ်ဧကတွင် ဆောင်းနေကြာမျိုး ဖြစ်သော (ဆင်းရွှေကြာ-၂) မျိုးအား မျိုးစေ့ထုတ်လုပ်ရန် နှစ်ဧကကို ပူးပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများလိုအပ်သော စက်မှုဆိုင်ရာပစ္စည်းများ၊ မျိုးစေ့များ၊ လိုအပ်သောသွင်းအားစုများနှင့် နည်းပညာပေးခြင်းလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)