မောက်မယ် စက်တင်ဘာ ၁၇
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် စိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတောင်သူများအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဒေသခံတောင်သူများအား လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် စိုက်ပျိုးမှုအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစွမ်းရည်ထူးနှင့် ဝန်ထမ်းများက မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)