မူဆယ် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်း အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇာနည်မြင့်ထွန်းက မြန်မာ့အီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်စနစ်တကျ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းခဲ့သည်။ ယင်းနောက် တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက လွှတ်တော် အသီးသီးတွင် ကိုယ်တိုင်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့တွင် ရပ်ကွက်(၉)ခုရှိပြီး မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် လွယ်ကူစွာမဲပေးနိုင်ရေးအတွက် အခြားသောရပ်ကွက်များသို့လည်း သွားရောက် ရှင်းလင်းဆွေးနွေး အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)