မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၈)နှစ်မပြည့်သေးသူများ ဆိုင်ကယ်မောင်နှင်ခွင့်မပြုရန် မိဘများအား တွေ့ဆုံအသိပေးခြင်း အစည်းအဝေး ကျင်းပ

မိုင်းပျဉ်း စက်တင်ဘာလ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၈)နှစ်မပြည့်သေးသော ကျောင်းသား/သူများအား မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်မပြုရေး မိဘများအားခေါ်ယူအသိပေးခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အထက်တန်းပြဆရာမတစ်ဦး၊ အလယ်တန်းပြဆရာမတစ်ဦးနှင့် မူလတန်းပြဆရာမတစ်ဦးတို့က အသက်(၁၈)နှစ်မပြည့်သေးသော ကျောင်းသား/ကျောင်းသူများအား မော်တော်ဆိုင်ကယ်မောင်းနှင်ခွင့်မပြုရေး၊ ကျောင်းတွင်/ကျောင်းပြင်ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထွက်လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ဗမာ၊ ရှမ်း၊ လားဟူဘာသာစကား (၃)မျိုးတို့ဖြင့် အလှည့်ကျ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေး‌ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)