ညောင်ဦး စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်ကသန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ ရေးဆွဲ ထားသော Action Plan ရှင်းလင်းဆွေးနွေးပြီး၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းများမှ Action Plan နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးပြီး၊ ညောင်ဦး မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခက Action Plan နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တက်ရောက်လာသည့် ဌာနဆိုင်ရာများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း