တောင်သာ စက်တင်ဘာ ၁၆
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ယနေ့ နံနက်(၉)နာရီခွဲ က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း စသည်များအား ဟောပြောပြီးနောက် အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် နံရံကပ်ပြဘုတ်များပြသခဲ့ရာ စိတ်ပါ၀င်စားစွာ ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၇၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)