ပါတီစုံဒီမိုက​ရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး​ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များ ချပြရှင်းလင်းခြင်းနှင့် တတိယအ​​ကြိမ်မဲပေးမှု သရုပ်ပြအခမ်းအနား

တနိုင်း စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ​ပါတီစုံဒီမိုက​ရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး ​ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များ ချပြရှင်းလင်းခြင်းနှင့် တတိယအ​​ကြိမ်မဲပေးမှု သရုပ်ပြအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ဟူးကောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ ကျင်း​ပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်များကို တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စည်းရုံးဆောင်ရွက်နိုင်ရန်၊ မျှတညီညွှတ်အောင် ဘက်ပေါင်းစုံကနေ ရင်းနှီးကျွမ်းအောင် အခြေခံသဘာတရားများကို ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြား​ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်သက်ပိုင်က မဲဆန္ဒရှင် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲရေတွက်အချိန်၊  ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံအကြောင်းအရာများကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူတို့က မြန်မာ့​အီလက်ထရောနစ် မဲပေးစက်ဖြင့် ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ ပြည်နယ်လွတ်တော်များအတွက် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက ကျေနပ်ဖွယ်ရှိကြောင်း သိရသည်။ အထွေထွေဆွေးနွေး​ခြင်းအစီစဥ်တွင် မဲဆန္ဒရှင်ပြည်သူများက မဲပေးနိုင်ရေးအတွက် အိမ်ထောင်စုနှင့် နိုင်ငံသားကတ်များ ဆောင်ရွက်ရာတွင် အခက်ခဲရှိပါသဖြင့် တင်ပြခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ လိုအပ်သည့် အချက်အလက်များ ဆောင်ရွက်ရန် ရှင်းပြခဲ့သည်။

အဆိုပါအခမ်းနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်များမှမဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာဆိုင်များ၊ ပလကဖအဖွဲ့များ၊ ပြည်သူ့ စစ်အဖွဲ့စည်းများ၊ ဆရာ/ဆရာမများ စုစု​​ပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)