မိုးနဲ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ကျောင်းတွင်းအင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ပုလဲဆောင်ခန်းမနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအင်္ဂလိပ်စာပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ကြီးကြပ်ဒိုင်များအဖြစ် ဆရာ/ဆရာမများက ဆောင်ရွက်ပေးခဲ့ကြပြီး ဆုရရှိသူများအား ကျောင်းစုံညီပွဲတွင်ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)