ရွှေပြည်သာ စက်တင်ဘာ ၁၆
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်မားရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဉာဏ်စမ်း၊ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၂၃)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးဝါက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ပြိုင်ပွဲများကိုကျင်းပရာ အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးတို့က ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသော ကျောင်းသား/သူများ၊ ဆရာ/ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း