ကျောက်တန်း စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်ကျောက်တန်းမြို့နယ် ပြန် ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးစေရန်အတွက် အစည်းအဝေးကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးသန့်ဇင်ထွန်း စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးစေရေး၊ ကျောင်းသား၊ ကျောင်းသူများရပ်ကွက် ကျေးရွာစာကြည့်တိုက်များတွင် လာရောက်ဖတ်ရှုနိုင်ရေး၊ ကောင်းမွန်ပြည့်စုံတဲ့ စာကြည့်တိုက်များ ဖြစ်စေရေးဆွေးနွေးခဲ့သည်။
ထို့နောက် တစ်ယောက်လာသူများမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ၀ိုင်း၀န်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)