ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ မဂ်လာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ e-Goverment မှ ဦးဆောင်ကော်မတီဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နည်းပညာအကြံပေး ဦးဌေးလင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ နည်းပညာပိုင်းဆိုင်ရာတာဝန်ရှိသူ အရာထမ်းအမှုထမ်းများ၊ ခရိုင်စီမံခံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူမျာယတက်ရောက်ကြသည်။
အခမ်းအနားကို e-Goverment မှ ဦးဆောင်ကော်မတီဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးကျော်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်း Chief Information Officer (CIO) မှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနည်းပညာအကြံပေး ဦးဌေးလင်းမှ Information Security ခေါင်းစဉ်ဖြင့် ဌာနများမှကြုံတွေ့နိုင်သော ကျိုးပေါက်မှုများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် မိမိတို့ဌာနများအတွက် ဆိုက်ဘာလုံခြုံရေးစီမံချက်ရေးဆွဲနည်းအား မျှဝေရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသူများအား အုပ်စု (A) မှ အုပ်စု (၂) အထိအုစု (၁၀) ခုဖွဲ့၍ မိမိတို့ဌာနများတွင် ပြန်လည်ရေးဆွဲကျင့်သုံးနိုင်မည့် သတင်းအချက်အလက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာမူဝါဒများရေးဆွဲနည်းကို Group Work အနေဖြင့် အုပ်စုလိုက် ဆွေးနွေးရေးသားကြသည်။
ထိုနောက် အုပ်စုလိုက်ဆွေးနွေးချက်များအား အုပ်စုတစ်ခုချင်းစီမှ ပြန်လည်ယှဥ်ပြိုင်ခဲ့ပြီး အမှတ်ပေးဒိုင်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ ဆိုက်ဘာလုံခြုံရေးဆပ်ကော်မတီ တာဝန်ရှိသူများမှ အကဲဖြတ်အမှတ်ပေးကြပြီး အကောင်းဆုံးဆုရရှိသွားသည့် Group (H)အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်းမှ ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ဆုရရှိသွားသည့် Group (H) အဖွဲ့တွင်ပါဝင်သည့်ဌာနများမှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ အမှတ် (၃) မူးယစ်တပ်ဖွဲ့ခွဲ (ရန်ကုန်) ၊ တိုက်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်ခဲ့ကြောင်း သိရသည်။
အောင်ကျော် (ပြန်/ဆက်)