အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားတွင် ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဓမ္မစေတီတော်များပြုပြင်ရန်အတွက် အလှူငွေပေးအပ်

အောင်မြေသာစံ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကြီးတွင် (၂၈ -၃-၂ဝ၂၅) ရက်နေ့၌ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဓမ္မစေတီတော်များပြုပြင်ရန်အတွက် မန္တလေးမြို့ အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက (၁၀၃,၅၀၀,၀၀ဝိ/-) (ကျပ်ငွေတစ်ထောင်သုံးဆယ်ငါးသိန်း) အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် အာရုံခံဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှု‌ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping နှင့်အဖွဲ့ဝင်များ၊ တိုင်း‌ဒေသကြီးသာသနာရေးဦးစီးဌာနမှူးဦးဖြိုးဇော်ဇော်၊ မြန်မာ_တရုတ်ချစ်ကြည်‌ရေးအသင်း(ဗဟို)၊ အသင်းခွဲ(မန္တလေး)ဥက္ကဋ္ဌ ဦးကျော်မင်း(စိန်နဲ့မြ)၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူများ၊ ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ အတွင်း‌ရေးမှူး ဦးမျိုးဝင်းနိုင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့်ကောင်စစ်ဝန်ချုပ်တို့သည် လှူဒါန်းမှုမှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကြီးတွင် (၂၈-၃-၂ဝ၂၅) ရက်နေ့၌ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ဓမ္မစေတီတော်များ ပြုပြင်ရန်အတွက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက အလှူငွေကျပ် (၁၀၃,၅၀၀,၀၀ဝိ/-) (ကျပ်ငွေတစ်ထောင်သုံးဆယ်ငါးသိန်း)ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီး၊ ခရိုင်အုပ်ချုပ်‌ရေးမှူး၊ ‌ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်း‌ရေးမှူးတို့က လက်ခံရယူကြကာ ဂုဏ်ပြုမှတ်တမ်းနှင့် အမှတ်တရကျောက်မျက်ပန်းချီကားကို ပြန်လည်ပေးအပ်သည်။

၎င်း‌နောက် တိုင်း‌ဒေသကြီးဝန်ကြီး၊ တရုတ်‌ကောင်စစ်ဝန်ချုပ်နှင့်တာဝန်ရှိသူများသည် ကုသိုလ်တော်ဘုရားအား လက်ယျာရစ်လှည့်လည်၍ ဖူး‌မြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)