တနိုင်း သြဂုတ် ၂၄
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုင် (၂၀) နှင့်အထက် မိုးရွာသီစက်ဘီးစီးပြိုင်ပွဲကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ကစားသမား (၂၁) ဦးကိုမြို့နယ်ရဲစခန်းရှေ့မှ စတင်၍တာလွတ်ခဲ့သည်။ ယှဥ်ပြိုင်ကြသော ကစားသမား (၂၁)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လုံခြုံရေးပေးခဲ့ကြောင်း သိရသည်။
ယှဥ်ပြိုင်စက်ဘီးစီးကြသောကစားသမား (၂၁) ဦးအနက် ကစားသမား (၁၆) ဦးသာ ပန်းတိုင်ဝင်ခဲ့ကြောင်းသိရသည်။ ယင်းနောက်ပထမဆုရရှိ သောနံပါတ် ၁၃ ကစားသမားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှဆုငွေ ၃ သိန်းခွဲ၊ ဒုတိယဆုရရှိသော နံပါတ် ၁၅ ကစားသမားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရဲမှူးမြသောင်းမှ ဆုငွေ ၂ သိန်းခွဲ၊ တတိယဆုရရှိသော နံပါတ် ၁၂ ကစားသမားကို မြို့နယ်အားကစားနှင့်ကာယပညာအားကစားမှူး ဒေါ်ယုယုလှိုင် ဆုငွေ ၁သိန်းခွဲ၊ နှစ်သိမ့်ဆုရရှိသောကစားသမား (၁၃) ဦးအား တစ်ဦးလျှင် ဆုငွေ ၆သောင်းစီ ဆုချီးမြှင့်သွားကြောင်းသိသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးမြသောင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာအားကစားမှူး၊ ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းသိသည်။
မြို့နယ် (ပြန်/ဆက်)