ပူတာအို စက်တင်ဘာ ၁၆
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်၍ ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွေးလှူဒါန်းရာသို့ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး သန်းနိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန့်ဇင်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အနေဖြင့် သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်(၁၀)ဦး အား အာဟာရဖြည့်အစားအစာ ကြက်ဥ၊ ဖီးကြမ်းဌက်ပျောသီးနှင့်ပဲနို့များကို တာဝန်ရှိသူများက ပေးအပ် ခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)