မိုင်းပန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းပန် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် မီး‌ဘေးအန္တရာယ်အသိကိုအခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း၊ လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟိန်း‌လင်းထိုက်က မီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)