မြစ်သားမြို့နယ် ရွာခိုင်ကြီးအခြေခံပညာအထက် တန်းကျောင်းတွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက် သရုပ်ပြသ

မြစ်သား  စက်တင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြခြင်းကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ရွာခိုင်ကြီး အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖွဲ့စည်းပုံကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ရွာခိုင်ကြီး ကျေးရွာမှပြည်သူများနှင့် ရွာခိုင်ကြီးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ စမ်းသပ်မဲပေးခြင်းသရုပ်ပြသခဲ့သည်။

လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွာခိုင်ကြီးကျေးရွာမှ ပြည်သူများနှင့်ရွာခိုင်ကြီး အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်သား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၂၀၀) ဦးခန့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)