ညောင်ဦးမြို့၌ ဆီထွက်သီးနှံမြေပဲ မွှားပင့်ကူနီကျရောက်မှုနည်းပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်ဦး စက်တင်ဘာ ၁၆

ညောင်ဦးမြို့နယ်၏ အဓိက ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံကို ပင်တောင်-ပင်ပြန့် နှစ်မျိုး  စိုက်ပျိုးလျက်ရှိရာ မိုးဦးရာသီတွင် ပင်ပြန့်မြေပဲအများဆုံး စိုက်ပျိုးကြပြီး မိုးလယ်တွင် ပင်ထောင်မြေပဲသာစိုက်ပျိုးကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၏ မိုးမြေပဲ လျားထား (၁၄၅၀၀၀) ဧက တွင် (၁၅၇၁၁၂)  ဧက အကောင်အထည်ဖော် စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ မိုးလယ်ရာသီ ဇူလိုင်လ-ဩဂုတ်လတို့တွင် မိုးရွာသွန်ခဲ့သော်လည်း ညောင်ဦးတစ်နယ်လုံး ရွာသွန်းမှု မရှိခဲ့သောကြောင့် တချို့ကျေးရွာများတွင် မွှားပင်ကူနီ ကျရောက်ဖျက်စီးတက်သဖြင့် ကာကွယ်နှိမ်နင်းနည်းများ နည်းပညာပေးခြင်းကို စက်တင်ဘာလ ၁၆  ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြေပဲသီးနှံမွှားပင့်ကူနီကျရောက်မှုနည်းပညာပေးခြင်းအားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီမှ သီးနှံပိုးကျရောက်မှု အခြေအနေကာကွယ်နှိမ်နင်းနည်းများ  Viber group ဖွဲ့၍ ပညာပေးဆောင်ရွက်မှုများ ပြောကြားပြီး  ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ မြေပဲသီးနှံတွင် ကျရောက်နေသော မွှားပင်ကူနီပိုး၏ ဘဝစက်ဝန်း နေထိုင်စားသောက်ဖျက်စီးမှု ကာကွယ်နှိမ်နင်းနည်းများ   IPM. ဘက်စုံကာကွယ်နှိမ်းနင်းနည်းများ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါနည်းပညာပေးခြင်းအား တက်ရောက်လာသောသူများမှ သိလိုသည်များ မေးမြန်းပြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း