သာစည် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုတို့၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ပြွန်ကန်ကျေးရွာ၊ ဇီးပင်ပေါက်ကျေးရွာ၊ ရွာပုလဲကြီး ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ညောင်းရမ်းဈေးကျေးရွာနှင့် ညောင်ရမ်းမြို့မတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ထားရှိသည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ ၎င်းမဲပေးစက်အသုံးပြု၍ မဲပေးပုံ အဆင့်ဆင့်၊ မဲပေးစက် အသုံးပြုခြင်းဖြင့် တိကျမှန်ကန်မှုတို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံမဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မိမိပေးသော မဲမှန်မမှန်တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့်မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးခြင်းများကို လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)