ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်

ကျောက်ဆည် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အက အလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ဆင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ ဝိုင်းဝန်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်‌ဇော်၊ ဆင်အကအလှပြိုင်ပွဲလုပ်ငန်းဆပ်ကော်မတီ အသီးအသီးက ဆင်ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး၊ ဒိုင်အဖွဲ့များစနစ်တကျဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ကျောက်ဆည်မြို့ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ် လဆန်း (၁၄)ရက်နေ့တွင် မြို့မိ၊မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များပူးပေါင်း၍ ဂုဏ်ပြုဆင်(၂)စီး၊ ပြိုင်ပွဲဝင်မည့် ဘော်ကြယ်ဆင်၊ ရိုးရာဆင်၊ ကလေးဆင်၊ သဘာဝတီထွင်ဆန်းသစ်မှုဆင်(၁၃)စီး၊  မြို့မဈေးပတ်ဆင်(၅၁)စီးနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး