ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နေ့လယ်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Vinny Co.,Ltd မှ တိုက်ရိုက် မျိုးစေ့ချ ကိရိယာ (Drum Seeder)များကို ထုတ်လုပ်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် Vinny Co.,Ltd မှ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်သည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder) ထုတ်လုပ်နေမှု အခြေအနေများအား လည်းကောင်း၊ တပ်ဆင်ပြီး တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ထပ်မံထုတ်လုပ်မည့် (Drum Seeder)ပုံစံ နမှုနာ များ အားလည်းကောင်း၊ ပြသထားသည့် ကုန်ကြမ်းပစ္စည်း အစိတ်အပိုင်းများအားလည်းကောင်း၊ ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့် လည်ပတ်နေမှု အခြေအနေများအားလည်းကောင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်ပိုးပုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်းများ ပြန်လည်တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် သရုပ်ပြသနေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Drum Seeder)များကို အရည်အသွေးပြည့်မီစွာ ဆက်လက်ထုတ်လုပ်ရန်၊ အပိုပစ္စည်း များအား အသင့်ထုတ်လုပ်ထားရှိရန်နှင့် သတ်မှတ်ကာလအတွင်း အရေအတွက်ပြည့်မီစွာ ထုတ်လုပ်နိုင်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို