လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ကော့မှူး စက်တင်ဘာ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့်ဒုတိယဦးစီးမှူး ဦးထက်မြက်သူတို့က ပြောကြားရာတွင်ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာအုပ်စာပေများချစ်မြတ်နိုးတတ်စေရန်၊ ကျောင်းစာအပြင်ပြင်ပစာပေ များလေ့လာဖတ်ရှုစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့လာရောက်ရန်၊ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုမှသာလျှင် မိမိဘဝတိုးတက်လာမည်ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက် သောအကြောင်းအရာများအား‌ ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

ဆက်လက်၍ပုံပြင်ပြောပြိုင်ပွဲအားကျင်းပရာ မူလွန်(ပတုပ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀) ဦးဝင်ရောက်ယှဉ် ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသောကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားထားသောအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)