ပင်လုံမြို့ အ.ထ.က(၂)ကျောင်း၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ပင်လုံ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ စက်တက်ဘာ ၁၆ မှာကြရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ခဲ့​သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင် ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးမှ အဖွင့်မိန့်ခွန်းပြောကြား၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံဦးစည်သူနိုင်မှ အိုဇုန်းလွှာ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာများမျှဝေပေးခဲ့ပြီး၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က သစ်တောသစ်ပင်နှင့်ပတ်သက်၍ (Power Point)ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ဖြင့် ပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပင်လုံမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်ဖြိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးနှင့် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်တို့က ၂၀၂၅ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများအား အသီးသီးချီးမြှင့်ပေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးစည်သူနိုင်က အ.ထ.က(၂)ကျောင်းအတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေး​နေ့ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်စံမြတ်ခိုင်ထံသို့ ပေးအပ်ပြီး​နောက် အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပင်လုံမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်ဖြိုး၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးနှင့် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်တော်များက စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)