(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အမှတ်(၃၀) လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သိန်းဇော်ဦး‌ဆောင်သော ရဲတပ်ဖွဲ့ဝင်(၂၉)ဦးတို့က ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် စု‌ပေါင်းသွေး လှူဒါန်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)