မိတ္ထီလာမြို့၌  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁ဝ နာရီက အ-ထ-က(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးစန္ဒာက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ၂ဝ၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Message နှင့် UNEP မှ အမှုဆောင်ဒါရိုက်တာ၏ ၂ဝ၂၅ ခုနှစ် ကမ္ဘာ့အို ဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Message တို့ကို ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသသည်။ ထို့နောက်  ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်  အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

ချမ်းသာ